ကိုဗစ်မျိုးကွဲ ပြန့်ပွားနေသည့် အာဖရိကနိုင်ငံများကို မြန်မာပြည်ဝင်ခွင့်ပိတ်မည် (နောက်တောင် ကျနေပါပြီ)

အိုမီခရွန် (Omicron) မျိုးဗီဇပြောင်းရောဂါပိုးကြောင့် အာဖရိကတိုက်တောင်ပိုင်းဒေသနိုင်ငံများနှင့် ရောဂါဝင်ရောက်ကူးစက်ရာ အခြားနိုင်ငံနှင့်ဒေသများမှ မြန်မာနိုင်ငံသို့လာရောက်မည့်သူများအား ခရီးသွားလာခွင့်ပိတ်ပင်ရန် စီစဉ်နေ ကြောင်း နိုဝင်ဘာလ (၃၀) ရက်က နေပြည်တော်ရှိ စကစ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သော Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးမှ သိရပါတယ်။

ကမ္ဘာတဝန်းတွင် မျိုးဗီဇပြောင်းရောဂါပိုးများ လျင်မြန်စွာကူးစက်ပြန့်ပွားနေသည့်အတွက် အဆိုပါ မျိုးဗီဇပြောင်း ရောဂါပိုးများ နိုင်ငံအတွင်းသို့ မဝင်ရောက်လာစေရေးနှင့် နိုင်ငံတွင်ရောဂါဖြစ်ပွားမှုလှိုင်း နောက်ထပ်တခုအဖြစ် ကြီးမားစွာဖြစ်ပေါ်မလာစေရေး၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ဘက်ပေါင်းစုံမှ ကြိုတင်ပြင်ဆင်မှုပြုလုပ်ရမည်ဖြစ်ပြီး အသွားအလာကန့်သတ်ချိန် တိုးမြှင့်ထားရှိခြင်းနှင့် ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ RT-PCR ဖြင့် အကြိမ်တိုးမြှင့်စစ်ဆေးခြင်းများ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း စကစ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယင်းအစည်းအဝေးမှာ ပြောပါတယ်။

နယ်စပ်ဒေသများတွင် RT-PCR စက်များ တပ်ဆင်ပြီး အဝင်အထွက်များကို စိစစ်ကြပ်မတ်ကာ မြန်မာနိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသည့်နိုင်ငံများနှင့် နိုင်ငံတကာတွင် အိုမီခရွန်မျိုးဗီဇပြောင်းဗိုင်းရပ်စ်များ ဝင်ရောက်ကူးစက်ပြန့်ပွားမှုအခြေအနေကို စောင့်ကြပ်ကြည့်ရှု သွားမယ်လို့ ပြောပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page