အအေးလှိုင်း ဖြတ်မယ်ဆိုတဲ့ ဂျင်းသတင်းနဲ့ ဆောင်းတွင်း ပုံမှန် အေးခြင်း သဘောသဘာဝ

ဆောင်းတွင်းမို့.. ​အေးတာပါ (အ​အေးလှိုင်းမဖြတ်ပါ)

တခါက ​ဆောင်ရာသီကာလမှာ စာ​ရေးသူနဲ့ ဒိန်းမတ်နိုင်ငံသူ အမျိုးသမီးကြီးတစ်ဦးတို့ အလုပ်ကိစ္စနဲ့ အထက်အညာဘက်သို့ ခရီးသွားခဲ့ကြပါတယ်။ နံနက်လင်း​​တော့ စာ​ရေးသူအပါအဝင် လူအ​တော်အများ အ​​နွေးထည် နှစ်ထပ် သုံးထပ် ဝတ်​နေချိန်မှာ ဥ​ရောပသူက အိင်္ကျီပါး​လေးတထည်နဲ့ ထွက်လာပါတယ်။

မချမ်းဘူးလားလို့​မေး​တော့.. သူမတို့နိုင်ငံမှာ 0 ဒီဂရီ​အောက် ​ရေခဲပြင်ထဲ ငါးမျှားထွက်တဲ့ ဓ​လေ့အ​ကြောင်း ​ပြောပြပါတယ်။ အဲ့​လောက်သာ ​အေးလျှင် မင်းတို့ဘယ်လိုလုပ်မလဲ ဆိုပြီး ​ပြန်​မေးသွားပါတယ်။

မြန်မာနိုင်ငံရဲ့ ​အောက် (အ​ကြေ) ပိုင်း ၃ ပုံ ၂ ပုံ​လောက်ဟာ အပူပိုင်းဇုံထဲမှာ ပါဝင်ပြီး..၊ ​မြောက်ယဥ်စွန်းတန်းရဲ့ အထက် (အညာ) ဟာ သမပိုင်းဇုန်ထဲမှာ ရှိ​နေတာပါ။ အများအားဖြင့် ကျ​နော်တို့လူမျိုး​တွေဟာ အပူနဲ့ ရင်းနှီး ​နေသားကျကြပါတယ်။ နည်းနည်း​လေး ​အေးလာလျှင်ပင် ​စောင်​တွေ အ​နွေးထည်​တွေ ပတ်ကြ​တော့တာပါပဲ။

ကမ္ဘာဟာ ပျမ်းမျှ ၂၃.၅ ဒီဂရီ အစဥ်တိမ်း​စောင်းပြီး ​နေကိုလှည့်ပတ်တဲ့အတွက် ရာသီဥတု​တွေ ​ပြောင်းလဲဖြစ်​ပေါ်လာရပါတယ်။ အခုလို ချမ်း​​အေးတဲ့ ​ဆောင်းရာသီမှာ ​နေ​ရောင်ခြည်ဟာ ကမ္ဘာရဲ့ ဒက္ခိဏ (​တောင်ဘက်) ကို ပိုမိုကျ​ရောက်ပါတယ်။ အဲ့ဒါ​ကြောင့် အီ​ကွေတာရဲ့ ​မြောက်ဘက်သို့တက်​လေ.. ​​နေ​ရောင်ခြည်ရရှိမှုနည်းပြီး ညတာပိုရှည်ကာ ချမ်း​အေးကြပါတယ်။ ​မြောက်ဝင်ရိုးစွန်း​ဒေသဆိုလျှင် ​နေ​ရောင်မရရှိပဲ ဆီးနှင်း ​ရေခဲများစွာ ဖုံးလွှမ်းသွားကြပါတယ်။

​ဆောင်းရာသီမှာ ​နေဟာ ဒက္ခိဏ ​တောင်ဘက်ကို ပိုမိုကျ​ရောက်တဲ့အတွက်.. ​တောင်ဘက်ခြမ်းက ​လေ​တွေဟာ ပူပြီး ပွတက်လာပါတယ်။ အဲ့ဒါ​ကြောင့် ဖိအား​လျော့နည်းသွားပါတယ်။

အဆိုပါ ပွတက်သွားတဲ့ ​လေ​​နေရာကို ​အေးပြီး ​လေးတဲ့ (တနည်း) ​လေဖိအားများတဲ့အရပ် (H- High pressure area) မှ ​လေ​တွေ တိုက်ခတ်ကြပါတယ်။ အဲ့ဒီ့​လေ​တွေက​တော့.. ​မြောက်ဘက် ကုန်းတွင်းပိုင်းမှလာ​သော ​လေ​အေးများပဲ ဖြစ်ပါ​တယ်။

​နွေရာသီ (ဇွန်လ) ​ရောက်​လျှင်တော့.. ​​မြောက်ဘက် ဥတ္တရကို ​နေ​ရောင်ခြည်ပိုမိုကျ​ရောက်ပြီး အထက်ကဖြစ်စဥ်က ​ပြောင်းပြန်လည်ပါတယ်။ ကံ​ကောင်းချင်​တော့.. ​တောင်ဘက် (ပင်လယ်) က ပြန်တိုက်ခတ်လာတဲ့ ​လေ​တွေမှာ ​ရေခိုး​ရေ​ငွေ့များ ပါဝင်လာပြီး မိုးရွာသွန်းခြင်းများကို ဖြစ်​ပေါ်လာ​စေပါတယ်။ ဒီအ​ကြောင်းအရာများကို အ​ခြေခံပညာအလယ်တန်း ပထဝီသင်ခန်းစာများမှာ ကျ​နော်တို့ ​လေ့လာခဲ့ကြပြီးပဲ ဖြစ်ပါ​တော့တယ်..။

မှတ်ချက်။ အပူပိုင်းဇုန်ကို မည်သည့် အ​အေးလှိုင်းမျှ မဖြတ်ပါ။ ​ဆောင်းတွင်းမို့ သဘာဝအတိုင်း ​အေးခြင်းဖြစ်ပါတယ်။ ​ဒီနှစ်က လာနီညာဖြစ်လို့ ​တောင်ဘက်က​လေပူ​တွေများတဲ့အတွက် ​မြောက်​လေပိုတိုက်တာ ဖြစ်နိုင်ပါတယ်။ ဆောင်းတွင်း မ​အေး​တော့မှသာ ကမ္ဘာကြီး ပူ​နွေး​ဖောက်ပြန်သည်ဟု ယူဆရမှာပါ။

အနာဂတ်ပညာ​ရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်​ထောက်ကူ)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page