မြန်မာတွေကို အချဉ်ဖမ်းနေတဲ့ သတိပြုစရာ ခြေသလုံး အိမ်တိုင် နိုင်ငံခြားသားများ

မြန်မာတွေကို အချဉ်ဖမ်းနေတဲ့ သတိပြုစရာ ခြေသလုံး အိမ်တိုင် နိုင်ငံခြားသားများ….

ကျွန်တော်တို့ မြန်မာတွေရဲ့ စိတ်အခံကိုက သူတပါးကို ခင်မင်ရင်းနှီးလွယ်ကြပါတယ်။ အထူးသဖြင့် ကိုယ့်လူမျိုးချင်းထက် နိုင်ငံခြားသားဆို ပိုပြီး အခွင့်အရေးပေးတတ်ကြပါတယ်။ မြန်မာတွေဟာ နယ်ချဲ့ လက်အောင် ကျရောက်ခဲ့လို့ နိုင်ငံခြားသားဆို အထင်ကြီး တတ်တာဆိုပြီး တချို့ကလည်း ပြောကြပါတယ်။ ကျွန်တော်ကတော့ အဲဒီလို မထင်ပါဘူး။ မြန်မာတွေ အင်ပါယာနိုင်ငံကြီးကို ထူထောင်စဉ် အချိန်တုန်းကလည်း နိုင်ငံခြားသားတွေနဲ့ အဆက်အဆံ ရှိခဲ့ကြတာပါ။ မြန်မာတွေ စိတ်ရင်းကိုက ကိုယ့်နေရာကို လာတဲ့ ဧည့်သည်ကို လေးလေးစားစားနဲ့ ချစ်ခင် နှစ်သက်တတ်တဲ့ သဘော ရှိနေတာ ဖြစ်လောက်ပါတယ်။

မြန်မာတွေရဲ့ အဲဒီ စိတ်ဓာတ်ကို အခွင့်ကောင်းယူပြီး လိမ်လည် လှည့်ဖျားချင်တဲ့ နိုင်ငံခြားသားတွေ ရောက်ရှိနေပါပြီ။ များသောအားဖြင့် အွန်လိုင်းပေါ်ကနေ နိုင်ငံခြားသား အယောင်ဆောင်ပြီး ဖြစ်စေ၊ နိုင်ငံခြားသားနဲ့ ပူးပေါင်းပြီး ဖြစ်စေ လိမ်လည်သွားတဲ့ သတင်းတွေ ကြားနေရပါတယ်။ နိုင်ငံခြားသား ခရီးသွားတွေ အများအပြား ဝင်ရောက်လာတာနဲ့ အမျှ လူလိမ်တွေကလည်း ကျွန်တော်တို့ နိုင်ငံထဲကို ပုံစံ မျိုးစုံနဲ့ ရောက်လာကြပါတယ်။

အာဖရိက လူမျိုး လူလိမ်တွေ၊ တရုတ် ဘုန်းကြီး အတုတွေ၊ နားမကြားချင်ယောင်ဆောင်တဲ့ ကိုရီးယားလူလိမ်တွေ စသဖြင့် အများအပြား ဝင်ရောက်လာပြီး ရိုးသားတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေကို လိမ်လည်ခဲ့ကြပြီးပါပြီ။ အလှူခံလို အယောင်ဆောင်တဲ့အခါမှာ ပေးလိုက်ရတဲ့ ငွေကြေးကလည်း မများတဲ့အတွက် အလိမ်ခံရမှန်း သိလည်း အမှုလုပ်တာတွေ ဘာတွေ ဘယ်သူမှ မလုပ်ကြပါဘူး။

အခုလည်း လာပြန်ပြီ တမျိုးပါ။ ဥရောပလူမျိုး သန့်သန့်ပြန့်ပြန့် တယောက်က မန္တလေး ဈေးချို အလယ်ခေါင်မှာ ထိုင်တောင်းနေတာတဲ့ဗျာ။ ဒီလို ဥရောပလူမျိုးတွေ တောင်းစားနေကြတာ ထိုင်းနဲ့ ဖိလစ်ပိုင်မှာ မထူးခြားပေမယ့် မြန်မာနိုင်ငံမှာတော့ အထူးအဆန်း ဖြစ်နေပြီး လူတွေကလည်း ပိုက်ဆံတွေ ထည့်ကြပါတယ်။ ခဏလေးနဲ့တင် သူ့မှာ အတော်များများ ရသွားတာ တွေ့ရပါတယ်။ ဒီလို ခြေသလုံး အိမ်တိုင် လှည့်လည်သွားနေတဲ့ ဥရောပလူမျိုးတွေဟာ ရောက်တဲ့နေရာမှာ ဒီလိုပဲ တောင်းစားလေ့ ရှိကြပါတယ်။ အဲဒီက ရတဲ့ငွေနဲ့ပဲ နောက်တနိုင်ငံကို ခရီးဆက်ပြီး ကြုံရာမှာ တောင်းနေကြတဲ့ လူမျိုးတွေပါ။

သူတို့ဟာ လျှောက်သွားနေတဲ့သူတွေ ဖြစ်တာကြောင့် အန္တရာယ် ရှိလား မရှိဘူးလားဆိုတာ သေသေချာချာ မပြောနိုင်ပါဘူး။ ဘာကိစ္စနဲ့ ဒီကို လာလည်း ဆိုတာ ဘယ်သူမှ မသိကြပါဘူး။ သူတို့က တခုခု လုပ်သွားရင်လည်း ဘာမှ မတတ်နိုင်တဲ့ အနေအထား ဖြစ်နေပါတယ်။ အဲဒါကြောင့် မြန်မာလူမျိုး သူတောင်းစားတွေကိုတောင် ထိန်းသိမ်းရေးစခန်း ပို့တာတို့ အရေးယူတာတို့ လုပ်ခဲ့ကြတဲ့ တာဝန်ရှိလူကြီးမင်းများအနေနဲ့ ဒီလို နိုင်ငံခြားသား သူတောင်းစားကိစ္စကိုလည်း အစရှိ နောက်နောင် ဖြစ်မလာအောင် ကိုင်တွယ် ဖြေရှင်းပေးကြပါဦးလို့ ဒီကနေ ဖော်ပြလိုက်ပါတယ်။ မူလပို့စ်ကို အောက်မှာ ဖော်ပြထားပါတယ်-

“မြန်မာတွေ သနားတယ် သနားတယ်။ ဟိုနေ့ကမှ မန္တလေး ဈေးချို အလယ်ပေါက်မှာ စားရိတ်ပြတ်လို့ တောင်းသွားတာ ကိုယ့် မြန်မာတွေ သဒ္ဒါစိတ်က မြန်မာလူမျိုး အချင်းချင်းသာ အလုပ်ခေါ်ပေးမယ် ဘာညာမရှိတာ နိုင်ငံခြားသားစို ထည့်လိုက်ကြတဲ့ အထည့်၊ ၁၀၀၀ ကျပ်၊ ၅၀၀၀ ကျပ် မရွေးဘူးဗျာ ခု အာ့နိုင်ငံခြားသားက ကျောက်ဝိုင်းရောက်သွားပြန်သတဲ့”

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page