မြန်မာပြည်က အသက် (၆၀) ကျော် လူကြီးတွေ မဖြစ်မနေ ပြင်ရမယ့် အချက် (၅) ချက်

မြန်မာပြည်က အသက် (၆၀) ကျော် လူကြီးတွေ မဖြစ်မနေ ပြင်ရမယ့် အချက် (၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်-

(၁) ရှင်းပြတာကို နားမထောင်ခြင်း

ဒါကတော့ တော်တော်များများလဲ ကြုံဖူးကြမယ်ထင်ပါတယ်။ ရှင်းပြတာကို နားထောင်လိုက်မှ တကယ့်အဖြစ်အပျက်အမှန်ကို သိပြီး အကြံကောင်း ဉာဏ်ကောင်းတွေပေးနိုင်မှာဖြစ်ပါတယ်။ မဟုတ်ရင်ပဲ ကိုယ်ထင်ရာပြောနေရင်တော့ စေတနာတွေက ဝေဒနာတွေဖြစ်သွားနိုင်ပါတယ်။

(၂) မိမိမှားနေတာကို ဝန်မခံခြင်း

အမှားကင်းတဲ့လူဆိုတာ ရှိကိုမရှိပါဘူး။ ဒါပေမဲ့ ကိုယ်မှားတာကို ဝန်မခံပဲ တစ်ဖက်သတ်ကြီးတွေပြောနေ လုပ်နေမယ်ဆိုရင် ဘယ်အရာကိုမှ အောင်မြင်မှာမဟုတ်ပါဘူး။

(၃) အခြေအမြစ်မရှိသော သတင်းများကို ယုံကြည်ခြင်း

ရှင်းပြတာကိုသာ နားမထောင်ချင်တာ အခြေအမြစ်မရှိ ဘယ်သူပြောလို့ပြောမှန်းမသိတာတွေကို ယုံကြည်တဲ့သူတွေ တော်တော်များများတွေ့ဖူးပါလိမ့်မယ်။ ဒီဟာက အတော်လေး အန္တရာယ်များပါတယ်။

(၄) ဆွေးနွေးရန် ဝန်လေးခြင်း

ပြဿနာအသစ်တွေအတွက် ဖြေရှင်းချက်အသစ်တွေလိုအပ်ပါတယ်။ မြန်မြန်ဆန်ဆန် အဖြေရဖို့အတွက်ဆိုရင် သေသေချာချာဆွေးနွေးနိုင်မှ ဖြစ်ပါမယ်။ ကိုယ့်ထင်ကြေးတစ်ခုတည်းနဲ့ အဖြေထုတ်ဖို့ဆိုတာ ယနေ့ခေတ်ကြီးမှာ တကယ်မလွယ်တော့ပါဘူး။

(၅) မိမိမှန်လျင် သူများမှားသည်ဟုထင်ခြင်း

တစ်ဖက်ကမှန်တိုင်း တစ်ဖက်က အမြဲမမှားပါဘူး။ ၂ ဖက်စလုံးမှန်ပြီး အဆင်မပြေတာတွေ၊ နားလည်မှု လွဲတာလေးတွေလဲ ရှိပါတယ်။ ကိုယ်မှန်တာနဲ့ တခြားသူတွေကို အပြစ်တင်တဲ့ အကျင့်ကိုလဲ ဖျောက်သင့်ပါတယ်။

မူရင်းရေးသားသူအား လေးစားမှုဖြင့်

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page