အာရှကျားတို့ရဲ့ နှုတ်ဆက်ထွက်ခွာချိန်နဲ့ မှတ်ကျောက်တင်နိုင်ခဲ့တဲ့ အာရှအသင်းများ
ယနေ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ရှုံးထွက်ပွဲစဉ်မှာတော့ ဘရာဇီး အသင်းက တောင်ကိုရီးယား အသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိပြီး နောက်တဆင့်ကို တက်သွားပြီ ဖြစ်ပါတယ်။
အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်မှာ ပေါ်တူဂီအသင်းကို အံ့အားသင့်ဖွယ် ခြေစွမ်းပြပြီး ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ တောင်ကိုရီးယားအသင်းကို ပရိသတ်တွေက မျှော်လင့်ခဲ့ကြပေမယ့်လည်း ကမ္ဘာ့အကောင်းဆုံး အသင်းဖြစ်တဲ့ ဘရာဇီး အသင်းနဲ့ တွေ့ဆုံမှုမှာတော့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။
အသင်းလိုက် ကစားပုံကောင်းပြီး စိတ်ဓာတ်မာကျောတဲ့ တောင်ကိုရီးယား အသင်းဟာ ဘရာဇီးအသင်းရဲ့ နည်းဗျူဟာ ကြွယ်ဝမှု၊ တဦးချင်း စွမ်းဆောင်ရည် ကောင်းမွန်မှုတွေကို မယှဉ်နိုင်ခဲ့ဘဲ ပေးဂိုး အများအပြားနဲ့ ရှုံးနိမ့်ခဲ့ရတာပဲ ဖြစ်ပါတယ်။
ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာရှအသင်းတွေအနေနဲ့ အုပ်စုတွင်းပွဲစဉ်တွေမှာ အထူးခြေစွမ်းပြခဲ့ပြီး ရှုံးထွက်အဆင့်ကို ၃ သင်းအထိ တက်ရောက်နိုင်ခဲ့ကာ စံချိန်တင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘောလုံးအင်အားကြီး နိုင်ငံတွေနဲ့ အတွေ့မှာတော့ အားမတန်လို့ လက်လျှော့အရှုံးပေးခဲ့ရပါတယ်။
ဘာပဲ ဖြစ်ဖြစ် မထင်မှတ်တာတွေကို လုပ်ပြနိုင်ခဲ့တဲ့ အာရှအသင်းတွေရဲ့ စိတ်ဓာတ်နဲ့ စုဖွဲ့မှုတွေကို မှတ်တမ်းတင် ဂုဏ်ပြုရမှာပဲ ဖြစ်ပါတယ်။ အာရှသားတွေရဲ့ အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓာတ်ကို ယခု ကမ္ဘာ့ဖလားမှာ မှတ်ကျောက်တင်နိုင်ခဲ့တယ်လို့ ဂုဏ်ပြုရင်း…