ကြံရည် ရောင်းတဲ့သူတွေ ရောင်းကောင်းစေနိုင်မယ့် လျှို့ဝှက်နည်းလမ်းအသစ်
ကြံကို မီးဖုတ် အခွန်ခြစ်ပြီး ကြိတ်၍ ရသောကြံရည်ဟာ ရိုးရိုးကြိတ်၍ ရသောကြံရည်ထက် ပိုပြီးချိုမွှေး နေတဲ့အရသာကို ခံစားရမှာပါ။
မီးဖုတ်လိုက်တဲ့အတွက် ကြံမှာပါရှိနေတဲ့ အန္တရာယ်ရှိတဲ့ ဗိုင်းရပ်(စ်)နဲ့ ဗက်တီးရီးယား ပိုးမွှားတွေ သေဆုံးသွားပြီး ကျန်းမာရေးနဲ့ပိုပြီး ညီညွတ်ပါတယ်။ မြန်မာမှာ မတွေ့ရသေးပေမဲ့ ထိုင်းမှာတော့ အတော်လေးကို ခေတ်စား လူကြိုက်များနေပါတယ်။
ကုန်ကျစရိတ်ဟာ မီးသွေးမီဖိုနဲ့ မီးသွေးရှိပေမဲ့ တချို့က ပူပူနွေးနွေး ကြိတ်ပြီးသားကြံရည်ကို နှစ်သက်ကြသလို တချို့ကတော့ ဖုတ်ပြီးသားကြံရည်ကို တခါသုံးခွက်မှာထည့်ပြီး အအေးဗူးထဲမှာ အအေးခံထားတဲ့ကြံရည်ကို နှစ်သက်ကြပါတယ်။
ထူးခြားတာက ကြံရည်ထဲကို ရေခဲထည့်မသောက်ဘဲ ကြိတ်ပြီးသားထည့်ထားတဲ့ ကြံရည်ဗူးကို သောက်သုံးကြပါတယ်။ ရောင်းတဲ့သူကလည်း မီးဖုတ်ပြီး ကြိတ်ထားတဲ့ ကြံရည်ထည့်ထားတဲ့ တခါသုံးဗူးတွေကို အအေးဗူးမှာ အေးအောင်လုပ်ပြီး ရောင်းကြပါတယ်။
တဗူးကို မြန်မာငွေနဲ့ဆို ၅၀၀ ကျပ်နဲ့ မီးဖုတ်ပြီးသား ကြံရည်ကတော့ ၁၀၀၀ ကျပ် ကျနိုင်ပေမဲ့ မီးဖုတ်ပြီးသား ကြံရည်ကို သောက်တဲ့လူများပိုကြိုက်ကြပါတယ်။ မြန်မာပြည်က ကြံရည်ရောင်းတဲ့ အရောင်းသမားတွေ စမ်းကြည့်ချင်ရင် လေ့လာလို့ရတာပေါ့ဗျာ။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)