ငွေကြေး ကံပွင့်စေဖို့နဲ့ အကြွေး အမြန်ပြန်ရစေဖို့ (၇) ရက်သားသမီးနေ့အလိုက် မီးထွန်းပိုက်ဆံယတြာ
ငွေကြေးကံပွင့်စေဖို့ ကံတစ်ခုဖန်တီးယူတဲ့သဘောပါ ။ ပထမတစ်ကြိမ်တင်ပေးခဲ့တုန်းက ရေးတာကိုသဘောမပေါက်ကြဘူး ။ ပထမတစ်ကြိမ်တုန်းကလည်း အောင်မြင်သူတွေ တော်တော်များများရှိခဲ့ပါတယ်။
ငွေကံပွင့်စေဖို့ ၊ အကြွေးရနိုင်စေဖို့ မီးထွန်းပိုက်ဆံယတြာကို ပြုလုပ်နိုင်ပါတယ် ။ ကံပေးသလောက်ရကြမှာပါ။
တနင်္ဂနွေသားသမီး – နေကြာရွက် ( သို့ ) သစ္စာပန်းရွက်၊ တနင်္လာသားသမီး – သြဇာရွက် ( သို့ ) သပြေရွက်၊ အင်္ဂါသားသမီး – ခရေရွက်၊ ဗုဒ္ဓဟူးသားသမီး – စပယ်ရွက်၊ ကြာသပတေးသားသမီး – စွယ်တော်ရွက်၊ သောကြာသားသမီး – ပိတောက်ရွက်၊ စနေသားသမီး – လေးညှင်းပွင့် ၇ ပွင့်၊ မကျ ည်းရွက်။
မိမိတို့ နေ့သားသမီးအလိုက် ပန်းအရွက်တမျိုးမျိုးကို ပိုက်ဆံ ၅၀၀ တန် ပိုက်ဆံ ကို ဖြန့်လျက်ဖြစ်စေ မီးခွက် အောက်က ခံပြီး ဘုရားစင်မှာ ပူဇော် နိုင်ပါတယ်။
တစ်ပတ် ပူဇော်ပီးပြီဆို အဲဒီ ပိုက်ဆံ ကို လိုအပ်ရာနေရာ တခုခု မှာလှူဒါန်းလိုက်ပါ ။ဒါပါပဲ။ ပြုလုပ်ရမယ့်အချိန်ကတော့ မအားမလပ်ဖြစ်နေသူများ ကြိုက်တဲ့အချိန်ထွန်းပါ ။ အချိန်ပေးနိုင်သူများကတော့ နေ့တစ်နေ့ရဲ့ အကောင်းဆုံးအချိန်တွေပေးထားပါတယ် ။ အဲဒီအချိန်တွေထွန်းကြပေါ့ ။
တစ်ပတ်လုံးတွက် အကောင်းဆုံး အချိန်တွေကတော့ တနင်္ဂနွေနေ့ နံနက်/ ည – ၆နာရီမှ ရနာရီခွဲအတွင်း။ တနင်္လာနေ့ နံနက် / ည ၉နာရီမှ ၁ဝနာရီခွဲအတွင်း။ အင်္ဂါနေ့ နေ့လည် ၃နာရီမှ ၄နာရီခွဲအတွင်း။ ဗုဒ္ဓဟူးနေ့ နေ့လည် ၁နာရီခွဲမှ ၃နာရီအတွင်း။ ကြာသပတေးနေ့ နံနက် ၉နာရီမှ ၁ဝနာရီခွဲအတွင်း။ သောကြာနေ့ နံနက်/ ည ရနာရီခွဲမှ ၉နာရီအတွင်း။ စနေနေ့ နံနက် ၁ဝနာရီခွဲမှ ၁၂နာရီအတွင်း
အချိန်တွေဟာ အရေးကြီးပြီး အကျဉ်းအကျပ်ထဲ ရောက်နေသူတွေအတွက် ရွေးချယ်ပူဇော်နိုင်ပါတယ် ။ ဤယတြာသည် ကျွနုပ်၏ စီနီယာအကိုစီရင်သော ယတြာဖြစ်ပါတယ် ။ ကျွနုပ်ကိုယ်တိုင် သုံးစွဲ၍ အဆင်ပြေမှ ပြန်တင်ပေးခဲ့ခြင်းပါ။
အကြိမ်ကြိမ်တင်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ယခုအကြိမ်တင်ရာမှာ ဖတ်ရလွယ်အောင် ပြန်ပြီး ပြင်ရေးပေးထားပါတယ်။ အားလုံး အဆင်ပြေကြပါစေဗျာ။
မြန်မာ့ဗေဒင်နှင့် နဝင်းစီးပွဲ ဓာတ်ယတြာ မဇ္ဈိမ ဦးဆန်းမင်း ဝိဇ္ဇာနည်းကျ နိယာမဗေဒင်