ကမ္ဘာ့အသေးဆုံး အကြွေစေ့အဖြစ် မှတ်တမ်းဝင်နိုင်တဲ့ ပျူခေတ်ငွေဒင်္ဂါးပြားများ အကြောင်း
ကမ္ဘာ့အသေးဆုံး ငွေပြားအကြွေစေ့အဖြစ် မှတ်တမ်းဝင်နိုင်တဲ့ ပျူခေတ်ငွေပြားတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်-
ကမ္ဘာပေါ်မှာ အသေးဆုံးငွေပြားက မြန်မာပြည်မှာရှိတာပါ။ လွန်ခဲ့တဲ့အနှစ်၂၀၀၀ ကေျာ်ပျူခေတ်က ငွေပြားပေါ်မှာ သီရိဝစ္စပုံ ဖောင်းကြွရိုက်နှိပ်ထားတာပါ။
ဘယ်လောက်သေးလဲဆို ဆန်စေ့အရွယ်သာ ရှိပါတယ်။ လက်သည်းခွံ တဝက်လောက်သာ ရှိတာပါ။ ဘယ်လောက်ပါးသလဲဆိုရင် စက္ကူလောက်သာရှိပါတယ်။
ယနေ့ကမ္ဘာပေါ်မှာ အသေးဆုံးအကြွေစေ့ ဖြစ်တဲ့ အမေရိကန်ငွေပြားထက် သေးပါတယ်။ ပုံတွေ ယှဉ်ကြည့်ရင် သိလာပါမယ်။
တပြား နှစ်ပြား တွေ့ထားကြတာ မဟုတ်ပါဘူး။ အရေအတွက် ထောင်ချီသောင်းချီ တွေ့ပြီး စုဆောင်းထားကြတာပါ။ သမိုင်းကိုထဲထဲဝင်ဝင်လေ့လာခြင်းဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို တန်ဖိုးထားတတ်ကြပါစေ။ (Yaza Aung Myae) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)