မြန်မာ့ရုပ်ရှင်ဇာတ်လမ်းတွေထဲက မြန်မာလူမျိုးတွေရဲ့ အလွန်ထူးဆန်းတဲ့ အပြုအမူ (၁၀၀)

မြန်မာ့ရုပ်ရှင်ဇာတ်လမ်းတွေထဲက မြန်မာလူမျိုးတွေရဲ့ အလွန်ထူးဆန်းတဲ့ အပြုအမူ (၁၀၀)

၁။ မြန်မာလူမျိုးများသည် ခဏခဏ အတိတ်ကို ပြန်သတိရလေ့ ရှိသူများဖြစ်ကြပြီး များသောအားဖြင့် အတိတ်ကို အဖြူအမည်းဖြင့်သာ သတိရလေ့ရှိသည်။ ၂။ သီချင်းနားထောင်လေ့ရှိသူများဖြစ်ပြီး သီချင်းနားထောင်နေရင်း အတိတ်အကြောင်းများ ပြန်တွေးလေ့ရှိသူများဖြစ်ကြသည်။ ၃။ စားသောက်ဆိုင်တွင် စကားစမြည်ပြောမည် ဆိုပါက .. အစာလုံး၀မစားရ။ (သိပ်စားချင်လျှင် အရည်တခုခု သို့မဟုတ် အနည်းငယ်မျှ စားခွင့်ရှိသည်။ ) ၄။ မိန်းကလေးများ ကားပျက်လျှင် အနီးအနားတွင် ကူညီပေးချင်သော ယောက်ျားလေးများအများအပြားရှိသည်။ ၅။ထိုယောက်ျားလေးများအားလုံးသည်ကားပြင်တတ်သူများသာဖြစ်ကြသည်။ ၆။ ထိုမိန်းကလေးသည် Handphone ရှိသော်လည်း များသောအားဖြင့် လမ်းသွားလမ်းလာများကိုသာ အကူအညီတောင်းလေ့ရှိသည်။ ၇။ Professional Graphic Designer တစ်ယောက်သည် Laptop ဖြင့် Touch pad ကိုသုံးပြီး အံသြလောက်ဖွယ်ကောင်းသော ဒီဇိုင်းများကို Microsoft paint ဖြင့်ဖန်တီးလေ့ရှိသည်။ ၈။ Instant Messenger / Chat Client ဆိုသည်မှာ Pagemaker / MS Word ကိုဆိုလိုခြင်းဖြစ်သည်။ ၉။ ကွန်ပျူတာပညာရှင်များသည် စာရွက်များဖြင့်သာအလုပ်ရှုပ်နေတတ်ကြပြီး ကွန်ပျူတာသုံးလေ့မရှိကြ။ ၁၀။ သူခိုးများသည် အသံမကြားအောင် ခြေဖျားထောက်ပြီး လမ်းလျောက်လေ့ရှိသည်။

၁၁။ ဆင်းရဲသားများ ရန်အလွန်ဖြစ်ကြသည်။ ၁၂။ ရုပ်ဆိုးသူများသည် လူဆိုး၊လူမိုက်များဖြစ်ကြသည်။ ၁၃။ လူမိုက်များသည် ဘောင်းဘီသာ၀တ်ကြပြီး ပုဆိုး၀တ်လေ့မရှိကြ။ ၁၄။ လူဆိုးခေါင်းဆောင်အများစုသည် ကုတ်အကျီ (သို့) Leather Jacket ၀တ်လေ့ရှိပြီးတခါတရံ ဦးထုပ်ဆောင်းတတ်ကြသည်။ ၁၅။ လူဆိုးများသည် ခြံကျယ်ကြီးများ၊ တိုက်ပျက်ကြီးများတွင် စခန်းချလေ့ရှိသည်။ ၁၆။ ထောင်မှထွက်လာသူများသည် ကောင်းမွန်စွာလုပ်ကိုင်စားလေ့မရှိဘဲ လူဆိုးများဖြင့်သာ ပြန်လည်ပေါင်းသင်းပြီး ဆက်လက်ဆိုးသွမ်းကြသည်။ ၁၇။ Snooker ကစားသူ အများစုသည် အကျင့်ပျက် လူပွေများသာ ဖြစ်လေ့ရှိသည်။ ၁၈။ မြန်မာလူမျိုးများသည် ရေကူးကန်နားသို့ရောက်လျှင် မည်သူ့ကိုမဆို ရေထဲသို့တွန်းချလေ့ရှိသည်။ ၁၉။ စီးပွါးရေးသမားအများစုသည် အနောက်တိုင်း၀တ်စုံကို ၀တ်စုံပြည့်၀တ်ဆင်သွားလာလေ့ရှိသည်။ ၂၀။ ထိုလူအများစုသည် အနက်ရောင် လက်ဆွဲသေတ္တာများကိုင်ဆောင် လေ့ရှိကြသည်။

၂၁။ ဖန်ခွက်ကျကွဲလျှင် ထိုသူနှင့်ပါတ်သက်သူ တစုံတယောက်မှာ သေဘေး(သို့)အန္တရာယ်နှင့် ကြုံနေရသည်မှာ အသေအချာပင်။ ၂၂။ သေခါနီးလူမမာများသည် စကားအလွန်များသောသူများဖြစ်ကြသည်။ ၂၃။ သူတို့စကားပြောလို့ မပြီးမချင်း သေလေ့မရှိ။ ၂၄။ ကျေးရွာတိုင်းတွင် ထန်းတောရှိတတ်ပြီး၊ အဆိုပါထန်းတောတွင် အချိန်ပြည့် မူးရူးနေသူများဖြင့် ပြည့်နေသော ထန်းရည်ဆိုင်ရှိသည်။ ၂၅။ တက္ကသိုလ် ကျောင်းသားဘ၀သည် ကင်တင်းတွင် တနေကုန်ထိုင်ပြီး ရီစရာဟာသများပြောကာ ကောင်မလေးများကို ထိုင်ငမ်းနေသော နေ့ရက်များဖြစ်သည်။ ၂၆။ တက္ကသိုလ်ကျောင်းဆိုသည်မှာ Myanmar Info Tech ( ICT Park ) နှင့် အင်းလျားကန်ဘောင်ကို ဆိုလိုခြင်းဖြစ်သည်။ ၂၇။ စာသင်ခန်းထဲတွင် စိတ်ကြိုက်စကားပြောခွင့်ရှိသည်။ ၂၈။ ကျောင်းသူ မိန်းကလေးအများစုသည် အသံစွာကျယ်စွာကျယ် စကားပြောလေ့ရှိပြီး၊ကင်တင်းတွင် ဟီးဟီးဟားဟား လုပ်လေ့ရှိသူများ ဖြစ်ကြသည်။ ၂၉။ ထိုမိန်းကလေးများသည် ဆိုင်ထဲသို့ ယောက်ျားလေး တစ်ယောက် လာလျှင်ဝိုင်းစတတ်ကြသည်။ ၃၀။ အစခံရသော ယောက်ျားလေးတိုင်း ရှက်ပြီး အမှားမှား အယွင်းယွင်း များလုပ်လေ့ရှိသည်။

၃၁။ အသက်မည်မျှပင်ကြီးစေကာမူ အထက်တန်းကျောင်း တက်လေ့ရှိကြသည်။ ၃၂။ လူငယ် ယောက်ျားလေး မိန်းကလေးများသည် ၃ယောက် ၄ယောက် အဖွဲ့လိုက်သာပေါင်းသင်းလေ့ရှိကြသည်။ တယောက်တည်း နေလေ့သိပ်မရှိ။ ၃၃။ ယောက်ျားလေးအဖွဲ့မှ တယောက်ယောက်နှင့် မိန်းကလေးအဖွဲ့မှ တယောက်ယောက်ချစ်သူရည်းစားဖြစ်သွားလျှင် ယောက်ျားလေးများသည် ထိုမိန်းကလေးအဖွဲ့မှ အခြားသောမိန်းကလေးများနှင့် ရည်းစားဖြစ်သွားလေ့ရှိသည်။ ၃၄။ သမီးရည်းစားများသည် သီချင်းဖွင့်ထားသော ပန်းခြံထဲတွင် ပြေးလွှားနေကြလေ့ရှိသည်။ ၃၅။ မိန်းကလေးများ အော့အန်ပါက ကိုယ်၀န်ရှိနေပြီဖြစ်သည်။ ၃၆။ ကိုယ်၀န်ရှိသောမိန်းကလေး ချော်လဲလျှင် ကိုယ်၀န်ပျက်ကျဖို့ ၉၀% သေချာသည်။ ၃၇။ မွေးလာသော ကလေးမှာ ယောက်ျားလေးဖြစ်လျှင် လင်ယောက်ျားမှာ အလွန်ပျော်ရွှင်လေ့ရှိသည်။ ၃၈။ မြန်မာမိန်းကလေးများသည် စိတ်ဆိုးလျှင် ပါးရိုက်လေ့ရှိကြသည်။ ၃၉။ အသည်းကွဲသူများသည် အလွမ်းသီချင်းများ နားထောင်ပြီး ငိုကြွေးလေ့ရှိကြသည်။ ၄၀။ မိန်းကလေးတစ်ယောက်နှင့် ရန်ဖြစ်ပါက အဆိုပါမိန်းကလေးနှင့် ရည်းစားဖြစ်တတ်သည်။

၄၁။ မိန်းကလေးတစ်ယောက်သည် ယောက်ျားလေးတစ်ယောက်အား မကျေနပ်၍ လက်စားခြေလိုလျှင်သမီးရည်းစားအဖြစ်တွဲလေ့ရှိသည်။ ၄၂။ အရက်မူးလာရင် အာလေး လျှာလေးဖြင့် စကားပြောတတ်ပြီး .. ပြောသမျှစကားအများစုမှာ ရန်စကားများသာဖြစ်ကြသည်။ ၄၃။ အရက်ဆိုင်အတွင်းရန်ဖြစ်လျှင် များသောအားဖြင့် ရဲလာဖမ်းလေ့မရှိ။ ၄၄။ မူးရူးပြီးအိမ်ပြန်လာလျှင် အိမ်ရှိကောင်မလေးများအား မတရားပြုကျင့်တတ်ကြသည်။ထိုအချိန်တွင် စားပွဲပေါ်မှ ပန်းအိုလဲသွားခြင်း၊ ကျကွဲခြင်း၊ပန်းပွင့်ကြွေခြင်းများဖြစ်တတ်သည်။ ၄၅။ အခန်းတစ်ခန်းအတွင်းမှ ထွက်လာပြီး ပုဆိုးပြင်၀တ်လျှင် မုဒိန်းကောင်ဖြစ်သည်။(မူးနေသူဖြစ်ပြီး မျက်နှာတွင် အဆီပြန်နေပါက ၁၀၀% သေချာသည်။) ၄၆။ မတရားပြုကျင့်ခံရသူတိုင်း ကိုယ်၀န်ရှိလာကြသည်။ ၄၇။ သူတို့သည် အများအားဖြင့် တရားစွဲလေ့မရှိကြ။ ၄၈။ ကိုယ်၀န်ဖျက်ချလေ့လဲမရှိသည့်အပြင် ကလေးကို တောရွာတခုခုသို့သွားပြီခက်ခဲဆင်းရဲစွာ မွေးလေ့ရှိသည်။ ၄၉။ အိမ်များတွင် ချောမောလှပသောအိမ်ဖေါ်ကောင်မလေးများရှိတတ်သည်။ ၅၀။ ထိုအိမ်ဖေါ်ကောင်မလေးများသည် အိမ်ရှင်၏ သားများနှင့် ငြိစွန်းသွားတတ်ကြသည်။

၅၁။ ရုပ်ဆိုးသောအိမ်ဖေါ်အား မည်သူမျှ မတရားပြုကျင့်ခြင်းမရှိ။ ၅၂။ ခေတ်လူငယ်အများစုသည် Shopping Mall များ၊ Snack Shop များတွင် တချိန်လုံးအချိန်ဖြုန်းနေတတ်ကြသည်။ ၅၃။ အဆိုပါ ဆိုင်များတွင် တွေ့သမျှ ကောင်မလေးများအား မျက်စပစ်ပြခြင်း စသည် စသည်များ စိတ်ကြိုက်လုပ်ခွင့်ရှိသည်။ ၅၄။ မိန်းကလေးများ အဖွဲ့လိုက် ခရီးထွက်ပါက ယောက်ျားလေး အဖွဲ့တဖွဲ့နှင့်လမ်းခရီးမှာ ကြုံတွေ့လေ့ရှိပြီး ချစ်သူရည်းစား ဖြစ်သွားလေ့ရှိသည်။ ၅၅။ ယောက်ျားလေးမိန်းကလေးအဖွဲ့များတွင် အချောဆုံးတယောက်မှ လွဲပြီး ကျန်သောသူငယ်ချင်းများမှာ တချိန်လုံး ဟာသလုပ်ပြီး ရီစရာများပြော နေတတ်ကြသည်။ ၅၆။ ခေတ်လူငယ်အများစုမှာ မိဘ တစ်ဦး(သို့)နှစ်ဦးစလုံး မရှိတတ်ကြ။ ဦးလေး အဒေါ်များသူငယ်ချင်းများဖြင့်သာနေလေ့ရှိကြသည်။ ၅၇။ စတိုးဆိုင်ရှိ အရောင်းစာရေးမများအား စိတ်ကြိုက် ရည်းစား စကားပြောခွင့်ရှိသည်။ ၅၈။ (အရောင်းတာ၀န်ခံ/မန်နေဂျာ/Security) မည်သူကမျှ မတားဆီးကြ၊ အနှောင့်အယှက်မပေးလေ့မရှိကြ။ ၅၉။ မည်သူမဆို Taxi ငှားစီးလျှင် မည်သည့်အခါမှ စျေးမဆစ်ကြ။ ၆၀။ အသက်၄၀ကျော် မိန်းမကြီး ၉၀% ခန့်မှာ အတင်းပြောတတ်သူများ သာဖြစ်ကြသည်။

၆၁။ ရှုပ်ပွေသော မိန်းမများသည် အချိန်ပြည့် ဖဲရိုက်နေလေ့ရှိသည်။ ၆၂။ အိမ်တစ်အိမ်တွင် အဖိုး၊အဖွားများသည် သြဇာအရှိဆုံးလူများ ဖြစ်ကြသည်။ ၆၃။ ညအချိန်မတော် လမ်းမပေါ်တွင် သီချင်းအကျယ်ကြီးဆိုပြီး ဂစ်တာတီးနေသူများကိုတရပ်ကွက်လုံးက သည်းညည်းခံကြသည်။ ၆၄။ ဂစ်တာတလုံးထဲဖြင့် Drum/Keyboard အသံများထွက်အောင် တီးတတ်ကြသည်။ ၆၅။ ကောင်မလေးများသည် အဖေါ်မပါဘဲ ညအချိန်မတော် လူပြတ်သော လမ်းများတွင်သွားလာလေ့ရှိသည်။ ၆၆။ ထိုလမ်းများတွင် အဖေါ်မပါသော ကောင်မလေးအား ဆွဲလားရမ်းလားလုပ်ဖို့အရက်မူးနေသော လူရမ်းကားများ လူဆိုးများ စောင့်နေတတ်သည်။ ၆၇။ ထိုမိန်းကလေးများသည် အများအားဖြင့် အော်ဟစ်အကူအညီတောင်းလေ့မရှိကြ။ ၆၈။ ယောက်ျားလေးများသည် တစ်ယောက်တည်းပင်ဖြစ်စေကာမူ ၂ယောက်၃ယောက်မကသော လူဆိုး၊လူမိုက်များနှင့် ရန်ဖြစ်လေ့ရှိသည်။ ရန်ဖြစ်သည့်အခါများတွင် တိုက်ဆိုင်စွာဘောင်းဘီရှည်သာ ၀တ်ထားလေ့ ရှိသည်။ ၆၉။ ရန်ဖြစ်သည့်အချိန်တွင် လဲကျသွားပါက ရှုံးပြီဖြစ်သည်။ ၇၀။ အလွန်ချောမောလှပသော ကောင်မလေးများတွင် ခပ်ပေါပေါခပ်ချာချာ အစ်ကိုတစ်ယောက်ရှိနေတတ်သည်။

၇၁။ ထိုမိန်းကလေး၏ အဖေသည် သူ၏သားမက်လောင်းအား မည်သည့်အခါမျှ မျက်နှာကျောမတည့်။ ၇၂။ နယ်မှ တယောက်တည်းလာနေသော မိန်းကလေးများသည် သိန်းချီပေးရသောအခန်းများငှားနေတတ်ကြပြီး ဘတ်စ်ကားဖြင့် သွားလာလေ့ရှိသည်။ ၇၃။ ဆင်းရဲသား အလုပ်သမားများသည် စုတ်ချာသော (တခါတရံ) စုတ်ပြဲနေသောအ၀တ်အစားများသာ အမြဲလိုလို၀တ်ဆင်ကြသည်။ ၇၄။ ချမ်းသာသူတို့၏ သားသမီးများသည် ဘွဲ့ရပြီးသည်အထိ အလုပ် လုပ်လေ့မရှိကြ။ ၇၅။ အသည်းကွဲသူများသည် မီးရထားလမ်းဘေးတွင် လမ်းလျောက်နေလေ့ရှိသည်။ ၇၆။ ပိုက်ဆံချမ်းသာသော လုပ်ငန်းရှင်သူဌေးများသည် ဆင်းရဲပြီးချောမောလှပသောကောင်မလေးအား လက်ထပ်ခွင့်ရရန် ယောက်ခမလောင်းများအား ငွေဖြင့် သိမ်းသွင်းတတ်သည်။ ၇၇။ အဖြူရောင်ကုတ်အကျီရှည်၀တ်ထားပြီ းနားကျပ်လည်ပင်းတပ်ထား သူတိုင်း ဆရာ၀န်များဖြစ်ကြသည်။ (သို့) ဆရာ၀န်တိုင်းဂျူတီကုတ်၀တ်ပြီး နားကျပ်လည်ပင်းဆွဲထားတတ်ကြသည်။ ၇၈။ ခွဲစိတ်ကုသမှုမအောင်မြင်လျှင် ခွဲစိတ်ဆရာ၀န်ကြီးသည် ခွဲခန်းအတွင်းမှ ခေါင်းယမ်း၍ (သို့) မျက်နှာပျက်၍ ထွက်လာတတ်သည်။ ၇၉။ မင်းသား(သို့) မင်းသမီး၏ အမေများတွင် နှလုံးရောဂါ (သို့) သွေးတိုးရောဂါများရှိတတ်သည်။ ၈၀။ တယ်လီဖုန်းမှ သတင်းဆိုးကြားရလျှင် တယ်လီဖုန်းပြောနေရင်းမှ မူးမေ့လဲသွားတတ်သည်။

၈၁။ အလွန်တော်သောမိန်းမများသည် အသုံးမကျသော (သို့) အလွန်မာနကြီးသောယောက်ျားများကို ကြိုက်နှစ်သက်ကြသည်။ ၈၂။ အလွန်ထက်မြက်သော မိန်းမများ၏ အိမ်ထောင်ရေးသည် အဆင်မပြေ။ ၈၃။ လူငယ်များ၏ နာမည်အများစုမှာ ခေါ်ရခက်သော တောက်ညင်ကတ်ဖွယ်နာမည်များဖြစ်လေ့ရှိသည်။ ၈၄။ တခါတရံ မည်သို့မျှ တွေးတောယူဖွယ်မရလောက်သော နာမည်မျိုးရှိသည်။ ၈၅။ ထိုတောက်ညင်ကတ်ဖွယ်နာမည်ဆိုးကို မည်သူကမျှ စခြင်းနောက်ခြင်း ပြောင်လှောင်ခြင်းမပြုကြ။ ၈၆။ ယောက်ျားနောက် ခိုးရာလိုက်ပြေးသွားသော မိန်းကလေးများသည် မိဘများအားခိုးရာလိုက်သွားပြီဖြစ်ကြောင်း .. လိုက်မရှာရန် နှင့် ခွင့်လွှတ်စေချင်ကြောင်း..အစရှိသဖြင့် စာရေးထားတတ်ကြပြီး .. အိပ်ယာပေါ် သို့မဟုတ် အိပ်ယာဘေးကစားပွဲပေါ်တင်ထားလေ့ရှိကြသည်။ ၈၇။ ထိုစာအများစုတွင် သမီးမိုက် ဆိုသော စာသား ပါလေ့ရှိသည်။ ၈၈။ ယောက်ျားလေးအများစုကတော့ မိဘကို မိန်းမခိုးမည့်ကိစ္စနှင့် ပါတ်သက်ပြီး လုံး၀အသိပေးလေ့မရှိ။ ၈၉။ နှဲသံကြားပါက (နာတာရှည်) မမာမကျန်းဖြစ်နေသူများ သေတတ်သည်။ ၉၀။ ယောက်ျားလေးများ၏အခန်းသည် လူမနေသည့်အခန်းကဲ့သို့ အစဉ်အမြဲရှင်းလင်းနေတတ်ပြီး သန့်ရှင်းနေလေ့ရှိသည်။

၉၁။ အိမ်ဖေါ်မိန်းမများ၊ ခြံစောင့်များသည် အိမ်ရှင်၏ သမီးအား မမလေး ဟုသာခေါ်လေ့ရှိသည်။ ၉၂။ အခုနောက်ပိုင်းတွင် ပေါ့ပေါ့ပါးပါးစကားများကိုပင် လေးနက်အောင် တမင်ကြိုးစားဖျစ်ညှစ်ပြောတတ်သော အကျင့်များရှိလာကြသည်။ ၉၃။ လူကြားထဲတွင် အိနြေ္ဒပျက်လောက်အောင် တကိုယ်လုံးနှင့် လက်များရမ်းခါလှုပ်ပြီးစကားပြောတတ်သူများကို .. မထူးခြားသယောင် ဆက်ဆံပြောဆိုတတ်ကြသည်။ ၉၄။ လူငယ်များသည် ပူအိုက်သောရာသီမှာပင် အနွေးထည်များ ၀တ်ဆင်ကြလေ့ရှိသည်။ ၉၅။ ကျောင်းသားကျောင်းသူ အများစုမှာ စာကြိုးစားသည်ကို မတွေ့ရ။ ၉၆။ ဖယောင်းတိုင်များထွန်းထားလျှင် အလွန်ပင်ရိုမန်တစ်ဖြစ်သည်။ ၉၇။ သင်္ကြန်လည်ရာတွင် မည်သူမျှ အရက်မသောက်ကြ။ ၉၈။ နိုင်ငံခြားသွားပြီး ပညာသင်လာပါက မြန်မာပြည်တွင် အလွန်အောင်မြင်သောစီးပွားရေးလုပ်ငန်းရှင် (သို့) ပညာရှင်အဖြစ် ရပ်တည်နိုင်သည်။ ၉၉။ ယောက်ျားဖြစ်ပြီး နှုတ်ခမ်းမွှေးမရှိရင် အတုတပ်ထားတတ်ကြတယ်။ ၁၀၀။ မြန်မာလူမျိုးများသည် မည်မျှပင် ဒေါသထွက်စေကာမူ ဆဲဆိုခြင်းမပြုကြ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page